Blogger news

Thursday, September 26, 2013

SAVE THE MONKEYS

"SAVE THE MONKEY"

မန်းရွှေစက်တော် ဘုရားပွဲ ဆိုရင်မြန်မာတစ်နိုင်ငံလုံးက လူတွေတော်တော် များများသိကြမှာပါ။ဘုရားပွဲ ကာလဆိုရင် မြန်မာနိုင်ငံ အနှံ့ အပြားက ဘုရားဘူးပြည်သူတွေ နဲ့ တိုးမပေါက်အောင် စည်ကားတဲ့ နေရာလေးပေါ့။
အထက်စက်တော်ရာနဲ့  အောက်စက်တော်ရာ ဆိုပြီး ဂေါတမ ဘုရားရှင်ရဲ့ ခြေတော်ရာ အစစ်နှစ်ဆူ ကိမ်းဝပ်  စံပယ်   တော်မူတဲ့ဒေသလေးပါ။၊
အဲ့ဒီ့ဒေသလေးမှာ လူတွေသိပ်မသိ သေးတာလေးတစ်ခုရှိနေပါတယ်။အထက်စက်တော်ရာမှာ ကျွန်တော်တို့  ပုပ္ပါး တောင်မှာလိုပဲမျောက်ကလေးတွေ အများကြီးရှိပါတယ်။ဒါပေမယ့် သူတို့ လေးတွေရဲ့ ဘ၀ကအရမ်းကို သနားစရာကောင်းပါတယ်။ဘာလို့ လဲဆိုတော့ အစာရေစာရှားပါခြင်းပဲ ဖြစ်ပါတယ်။ဘုရားပွဲတော် ကာလအတွင်းသာ လူစည်ကားလို့ အစာကျွေးသူများပြား ပေမယ့် ပွဲတော်ရက်ကုန်ဆုံးသွားရင် သူတို့ အတွက်အစာရေစာလုံး ၀ကိုရှားပါးသွားပါတယ်။အရင်က သဘာဝတောထဲမှာ သူတို့ အတွက်သီးပင် စားပင်တွေပေါများ ခဲ့ပေမယ့်၊ တဖြည်းဖြည်း လယ်ယာလုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်လာတဲ့အခါမှာတော့၊သူတို့ အတွက် စားကျက်မြေ လုံးဝကို ပျောက်ဆုံးသွားခဲ့ရပါပြီ။အစာရေစာ ငတ်မွတ်နေတဲ့သူတို့ လေးတွေဟာ နောက်ဆုံးအရဲစွန့် ပြီး      လူတွေရဲ့ စိုက်ခင်းတွေအထိဆင်းပြီး၊ အစာရေစာရှာဖွေ  လာရပါတော့တယ် ။မျောက်သားငယ်လေးတွေရှိတဲ့ မျောက်မကြီးတွေအတွက်တော့တောင်ခြေအထိမလာရဲတဲ့အတွက် တွေ့ ကရာ မြင်ကရာစားသောက်ကြရပါတော့တယ်။အဲ့ဒီတော့ လူတွေရဲ့ လက်ချက်နဲ့ သေရင်သေ၊မသေရင် အစာအဆိပ်သင့်ပြီးသေကြရတဲ့အကောင်တွေ မနဲပါဘူး။အဲ့ဒီတော့မိတ်ဆွေတို့ လဲ ဒီသနားစရာ မျောက်ကလေးတွေအတွက် တတ်နိုင်တဲ့ဖက်က အကူအညီပေး စောင့်ရှောက်သွားပေးပါလို့ တိုက်တွန်းချင်ပါတယ်။ သူတို့ လေးတွေ အစာငတ်နေချိန်မှာအစာ သွားကျွေးလိုက်ရတဲ့ ခံစားချက် ပီတိဟာ ဘယ်လိုဖော်ပြရမယ်မှန်းတောင် မသိပါဘူး။ ဘုရားလဲဖူးရင်း ဒါန လဲပြုရင်းဆိုတော့မိတ်ဆွေတို့ လဲကုသိုလ် ပိုရမှာပါ။
ကျွန်တော့ရဲ့ ပထမဆုံး Post ကိုဒါလေးနဲ့ စလိုက်ပါရစေခင်ဗျား။                 ။


 





No comments:

Post a Comment

Note: Only a member of this blog may post a comment.