Blogger news

Saturday, October 19, 2013

Laptop က Wifi လိုင်းကို အခြား Device တွေသုံးလို့ ရအောင် ပြန်လွင့်မယ်

ကျွန်တော် Post မတင်ဖြစ်တာ တော်တော်ကြာနေပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ဒီဖက်ကို မလှည့်နိုင်သေးလို့ ပါ။ ကိုယ်တိုင်မစမ်း နိုင်တာလဲတစ်ကြောင်း၊ မအားတာကလဲတစ်ကြောင်း။ ဒီနေ့ တော့ Post တစ်ခုလောက်တော့ မဖြစ်၊ ဖြစ်အောင် တင်မယ်ဆိုပြီး ဒါလေးရေးဖြစ်သွားတာပါ။ တော်တော်များများလဲ သိပြီးသားဖြစ်မှာပါ။ တစ်ချို့ အတွက်လဲသိပ်မလိုအပ် ပါဘူး။
မသိသေးတဲ့ သူတွေအတွက်ပါ။ 
ခုတလော ကျွန်တော်သုံးနေတဲ့ Wifi လိုင်းက ဘာကြောင်သွားလဲတော့မသိဘူး။ သူ့ ကိုချိတ်လို့ ရတယ်၊ ဒါပေမယ့် No Internet Access ပဲဖြစ်နေတာ။ လုံးဝကိုသုံး လို့ မရတော့ဘူး။ ဒါနဲ့ ကျွန်တော်လဲ ဟိုလှန်ဒီလှန် နဲ့ ရအောင်မနဲပြန်ချိတ်ထားရတာ။ မအားတာ အာ့ဒေလဲပါတာပေါ့။ လက်တော့နဲ့ တော့ချိတ်လို့ ရသွားတယ်၊ ဒါပေမယ့် အဲ့ဝိုင်ဖိုင်လိုင်းကို ဘယ်ဖုန်းနဲ့ မှချိတ်မရတော့ဘူး။ ဒါနဲ့ ဒီနည်းလေးကို တွေ့ လို့ စမ်းလုပ်ကြည့်တာ အဆင်ပြေသွားတာနဲ့ တင်ပေးလိုက်တာပါ။ ခုတော့ကျွန်တော်တို့ တစ်အိမ်သားလုံး ကျွန်တော့ Laptop ကပြန်လွင့်တဲ့ Wifi လိုင်းကိုသုံးနေကြပြီလေ။ (^_^)
တစ်ခြား တစ်ခြားသော wifi hotspot နည်းတွေအများကြီး ရှိပါတယ်။ ဒါပေမယ့်ဒါလေးက အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးလေးပါ။
Step 1 ===> ပထမဆုံး Winhotspot downloader လေးကို ဒေါင်းလိုက်ရအောင်
Step 2 ===> Downloader လေးရရင်ထားလိုက်ပါဦး၊ မ Run သေးနဲ့ ဦး။ ကျွန်တော်တို့  laptop က Wireless adapter လေးတွေကို Check ရအောင်။ အောက်ကပုံလေးတွေအတိုင်း စစ်ပေးရုံပါ။ ပိတ်ထားရင်တော့ ဖွင့်ပေးလိုက်ပါ။
Start menu ထဲက Control Panel/ Network and Sharing center ထဲရောက်ရင် အပေါ်ကပုံထဲကလို Change adapters settings ထဲဝင်ပေးပါ။ 
လိုင်းဆွဲတဲ့ တိုင်ပုံလေးပါတဲ့ adapter နှစ်ခုရှိပါတယ်။ မဖွင့်ရသေးရင် right click နှိပ်ပီး enable လုပ်ပေးလိုက်ပါ။
Step 3 ===> ဒေါင်းထားတဲ့ Winhotspot ကို Double click လုပ်လိုက်ပါ။ Winhotspot ကို auto download လုပ်ပီး install လုပ်ပေးပါလိမ့်မယ်။ အားလုံးဒေါင်းလို့ ပီးသွားရင်တော့ အောက်ကပုံလို box လေးတက်လာပါလိမ့်မယ်။ name, passwor d တွေကို နှစ်သက်ရာ ရိုက်ထည့် ပီးတော့ Start ကိုနှိပ်လိုက်ရင် သင့် laptop က wifi လိုင်းကို အခြား devices တွေက ချိတ်ဆက်ပီး အင်တာနက် အသုံးပြုလို့ ရပါပြီ ခင်ဗျာ။

ဝိုင်ဖိုင်လွင့်တာကို ပြန်ပိတ်ချင်ရင်တော့ Stop button လေးကို နှိပ်လိုက်ရုံပါပဲ။ အဆင်ပြေကြပါစေ။

Credit by :  : Ye' Myint Thein

No comments:

Post a Comment

Note: Only a member of this blog may post a comment.