ဒီနည်းလမ်းလေးက ကျွန်တော့ကိုယ်ပိုင်နည်းလမ်းလေးပါ။ ဒီထဲမှာ ပါဝင်တဲ့ Software များကတော့ ကျွန်တော့် ကိုယ်ပိုင်များမဟုတ်ပါဘူး။ဒီလိုပဲ ဟိုရှာဒီရှာနဲ့ တွေ့ ထားတာလေးတွေပါ။
စရအောင်....နဲနဲ လေကြောရှည်သွားတယ်(ငွိငွ် ၃၈ ခါ)
ဝိုင်ဖိုင်လိုင်း ဆိုတာ သူ့ ရဲ့  Password သိရုံနဲ့ သူ့ ကွန်ယက်ထဲရောက်ပြီဆိုရင် လူတိုင်း အသုံးပြုနိုင်တာပေါ့။Password သိဖို့ ဆိုတာလဲ သိပ်ခက်ခဲတဲ့ကိစ္စတော့မဟုတ်ဘူးလေ။ ဒီတော့ကိုယ်သုံးနေတဲ့ ၀ိုင်ဖိုင်လိုင်းမှာ လူတွေအများကြီး ၀ိုင်းသုံးနေတော့ စိတ်ညစ်စရာပေါ့။ အစကတည်း ကမှလိုင်းမကောင်းပါဘူးဆို လူအများကြီးက၀ိုင်းသုံးနေတော့ ပိုဆိုးပီပေါ့။ အဲ့တော့ ကိုယ့်ဝိုင်ဖိုင် အသုံးပြုမှုတစ်ခုထဲကိုပဲ လိုင်းကောင်းစေချင်တယ်လေ။လွယ်ပါတယ်.....အဲ့ဒီ့ ၀ိုင်ဖိုင်လိုင်း အသုံးပြုနေသူ အားလုံးကို ပိတ်ပစ်မှာပေါ့။(ဟဲ........ဟဲ..........ဘယ်သူသေသေ ငတေမာရင် ပြီးရောလေ)။ကဲ.... စပိတ်ရအောင်.....(အောက်မှာဖော်ပြမယ့်အဆင့်တိုင်းကိုတော့သေချာလေး လုပ်စေချင်ပါတယ်)
Step 1: : အရင်ဆုံး ဒါလေးတွေ ဒေါင်းလိုက်ရအောင်............ DOWNLOAD HERE
Step 2: : ဖြည်လို့ ရလာတဲ့ ဖိုင်တွေထဲက Wifikill ကို ဖုန်းထဲမှာ အင်စတောလုပ်ပါ။ DNS Jumper ဖိုင်ကို Computer မှာ run ပါ။(ဖိုင်ဆိုက်သေးလို့ အထင်မသေးနဲ့ နော်...တကယ်စွမ်းတယ်)
Step 3: : Wifikill ရဲ့ အသုံးပြုပုံလေးကို လေ့လာရအောင်....အောက်မှာပုံတွေနဲ့ ပြထားပါတယ်
ဒါကတော့အသေးစိတ်မပြတော့ဘူး။ လုပ်တတ်တယ်မလား။ကဲ..ဒါဆိုရင်ကိုယ်နဲ့ လိုင်းတစ်ခုထဲမှာသုံးနေ တဲ့လူတွေရဲ့ ဝိုင်ဖိုင်အကုန်ပိတ်။ ချက်ချင်းကြီးတော့ ပိတ်ဘူးနော်....ဖြည်းဖြည်းချင်း နှေးသွားမှာ။သတိထား ရမှာက သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်......အကုန်လုံးကို ပိတ်ဖို့ နိုင်/မနိုင်။သူကမနိုင်ရင် ပိတ်ပိတ် သွားတယ်နော်။အဲ့ဒါ error တက်တာမဟုတ်ဘူး....ပိတ်လို့ မနိုင်တာ။အဲ့တော့ ကိုယ့်ဖုန်းရဲ့ နိုင်သလောက်ပဲ ပိတ်ပေါ့။ကျွန်တော်ခုပြောနေတာ သူများကိုမကောင်းကြံဖို့ မဟုတ်ဘူးနော်.... ကိုယ့်လိုင်းကောင်းအောင် လို့ ပြောတာ။ကဲ...ဒီတစ်ပိုင်းပီးဘီ ထားလိုက်။ အကောင်းဆုံးက တော့ဖုန်းနဲ့ ဝိုင်ဖိုင် တွေပိတ်၊ ပြီးရင်ကိုယ့်လက်တော့နဲ့ ဝိုင်ဖိုင်သုံး.... အဲ့ဒါအကောင်းဆုံးပဲ....
Step 4: :လက်တော့ဖက်လှည့်ရအောင်......ဖုန်း wifikill ထဲမှာက kill all ဆိုရင်ကိုယ့် လက်တော့ရဲ့  IP Adress ပါပိတ်နေမှာနော့..အဲတော့ ကိုယ့်လက်တော့တစ်လုံးထဲကို ၀ိုင်ဖိုင်ဖွင့်ရအောင်။အရင်ဆုံး လက်တော့ရဲ့  IP Adress ကြည့်ရအောင်...မကြည့်တတ်ရင် အောက်မှာပုံပြထားတယ်...
desktop ရဲ့ ညာဖက်အောက်ခြေနားလေးက ဖုန်းတိုင်လို အတုံးလေးတွေကိုနှိပ်။ကိုယ်ချိတ်ထားတဲ့ ၀ိုင်ဖိုင် လိုင်းပေါ်မှာ right click---->details ကိုနှိပ်လိုက်ရင် ပုံထဲကလို box လေးကျလာလိမ့်မယ်။ပြထားတဲ့အတိုင်းသာဆက်လုပ်။ကိုယ့် laptop ရဲ့  adress သိပီဆိုရင် ဖုန်းထဲမှာ အဲ့လိပ်စာလေးက လွဲလို့ ကျန်တာအကုန်ပိတ်ပေါ့။ကိုယ့်လိုင်းတစ်လိုင်းထဲ ကွက်ပီးလိုင်းကောင်းဘီလေ။(ဖုန်းထဲမှာတော့ wifikill ထဲကနေမထွက်ပဲဒီတိုင်းထားနော်။ထွက်လို့ တော့ ရပါတယ် ဒါပေမယ့် ဖုန်းကမနိုင်ရင် ရှိပီးသား လိုင်းတောင် ပျောက်သွားတတ်လို့ ။အစကပြန်ဝင်နေရတော့ အလုပ်ရှုပ်တာပေါ့)
Step 4: : DNS Jumper အသုံးပြုနည်း.......
find fasted DNS ကိုနှိပ်ပီးခဏစောင့်ပါ။အစိမ်းရောင်အကွက်လေးပေါ်လာရင် apply ကိုနှိပ်ပီး အဲ့ window လေးကိုမပိတ်ပဲ minimize လုပ်ပီး အင်တာနက် အသုံးပြုလို့ ရပါဘီ။ကဲ........ဒါဆိုရင်တော့ သင့် ဖုန်း၊သင့် လက်တော့ တွေဟာ ၀ိုင်ဖိုင်လိုင်းတွေထဲမှာ ထူးထူးခြားခြား သင်တစ်ယောက်ထဲကွက်ပီး လိုင်းကောင်းနေတော့မှာပေါ့။
ဒီလောက်ပိတ်နေတဲ့ကြားထဲကမှ လိုင်းအရမ်းကောင်းနေသေးတဲ့ စက်တွေကို ညစ်ချင်ရင်တော့......(window+r----->cmd----->enter)
ပြောပြတော့ဘူး။ပုံကြည့်ပီး...ဥာဏ်ရှိသလိုသာသုံးတော့။အမှုပတ်မှာစိုးလို့ ။
(အတန်တန်ပြောတယ်နော် မလုပ်နဲ့ လို့ ။အကျိုးဆက် ကကျွန်တော်နဲ့ မဆိုင်ဘူးနော်)
မှတ်ချက်။ ။ကျွန်တော် Pro တစ်ယောက်မဟုတ်ပါ။ဟိုယောင်ယောင် ဒီယောင်ယောင်ပါ။ကျေးဇူးပြုပြီး ပညာမစမ်းပါနဲ့ ။ဘာမှမတတ်ပါဘူး။
No comments:
Post a Comment
Note: Only a member of this blog may post a comment.