Blogger news

Saturday, January 18, 2014

Candy Crush Saga : Offline Mode မှာ မိမိ လိုချင်သလောက် အသက်ခိုးနည်း

အခုကျွန်တော်ပြောမယ့်နည်းလမ်းလေးကတော့ Game Killer ဆိုတဲ့ apk လေးနဲ့  ဖုန်းထဲက Candy Crush ဂိမ်းကို အသက် ခိုးနည်းလေးပဲ ဖြစ်ပါတယ်။ ပထမ ဆုံးအနေနဲ့  Game killer လေးကို ဒေါင်းလိုက် ရအောင်။

Step 1 : ပထမဆုံး ဒေါင်းပီးရင် မိမိဖုန်းထဲမှာ Game killer လေးကို install လုပ်လိုက်ပါ။ လုပ်ပီး ရင် Run လိုက်ပါ။ ပီးယင်ပြန်ထွက်လိုက်ပါ။ အောက်က ပုံလို ဖုန်းရဲ့ ထောင့်နားလေးမှာ Game Killer icon လေးပေါ်လာပါလိမ့်မယ်။
Step 2 : မိမိဖုန်းထဲမှ Candy crush ကိုဖွင့်လိုက်ပါ။အောက်က ပုံထဲထိ ရောက်အောင်သွားပါ။
Step 3 : ဖော်ပြပါအဆင့်ရောက်ရင် အပေါ်ထောင့်က game killer ကိုဖွင့်လိုက်ပါ။ အောက်က ပုံအတိုင်း ကျလာပါလိမ့်မည်။

 Item 1 ဘေးကအကွက်မှာ မိမိရဲ့ လက်ရှိအသက်ကို ရိုက်ထည့်ပါ။ အသက်က Full ဖြစ်နေရင်မရပါ။ (ဥပမာ၊ မိမိ အသက်က ၅ ခုဖြစ်နေလျှင် တစ်ခုအသေခံပီး ၄ ခုလို့ ထားလိုက်ပါ)။ မိမိ အသက် ကို ရိုက်ထည့်ပီးလျှင် Search လုပ်လိုက်ပါ။ အကယ်၍ Select Data Type ဟုပေါ်လာပါက Auto Identify ကိုရွေးပေးပါ။ အောက်တွင် search result များကျလာပါက DW ဟုပါသော result ကို နှိပ်လိုက်ပါ။
ပုံတွင်ပြထားသည့်အတိုင်း value နေရာတွင်မိမိ လိုချင်သော အသက် ပမာဏ ကိုရိုက်ထည့်ပီး OK ကိုနှိပ်လိုက်ပါ။ လိုချင်သော အသက်မရသေးပဲ နဂိုအတိုင်းပဲရှိနေသေးပါက ဆက်လက်၍ DW နေရာများကို နှိပ်၍ မိမိလိုချင်သော အသက်များကို ရိုက်ထည့်ပါ။ သင်လိုချင်သော အသက်ပမာဏ ရရှိလာပါလိမ့်မည်။
မှတ်ချက်။     ။ Root လုပ်ထားသောဖုန်းများအတွက်သာ

Credit by : Ye' Myint Thein
Thanks for : Ko Myo Gyi