Blogger news

Monday, October 7, 2013

Facebook Account အသစ်တွေကြိုက်သလောက်သာ ပျော်ပျော်ကြီးဖွင့်ပေတော့ဗျို့

အခုပြောမယ့်နည်းလမ်းလေးကတော့ Facebook Account အသစ်ဖွင့်မရလို့ စိတ်ညစ်နေတဲ့ မိတ်ဆွေများအတွက်Acc. အသစ်ကြိုက်သလောက်ဖွင့်လို့ ရမည့်နည်းလေးပါ

(ကျွန်တော့ရဲ့  Homemade လေးပေါ့)

- အရင်ဆုံးစဉ်းစားကြည့်ရအောင်ဗျာ...................ဘာလို့ ဖွင့်လို့ မရသလဲနဲ့  ဘယ်လိုဖွင့်မလဲဆိုတာ ကိုပေါ့....... - ဒါမှကိုယ်၊  ကိုယ်တိုင်ဖွင့်တဲ့အခါ ဘာကြောင့်အဲ့လိုလုပ်ရသလဲဆိုတာ ပိုနားလည်မှာပေါ့
##အားလုံးသိပြီးသားပါ မြန်မာနိုင်ငံကို အကောင့်အသစ်ဖွင့်ခွင့် မပေးတော့ဘူးလေ။ အသစ်ဖွင့်လိုက်တယ် using fake name,bla.....bla........bla........... lock ကျသွားတယ်.......ဖုန်းနံပါတ်တောင်းတယ်.......
(အဲကြုံလို့ ပြောဦးမယ်.....ဖုန်းနံပါတ်တောင်းရင် +9509********* လို့ မထည့်နဲ့  9 ရှေ့က 0 ကိုဖြုတ် +959********* လို့ ထည့်....ဒါက အကောင့်ပြန်ယူတာတို့ ဘာတို့ စမ်းကြည့်ပါ.. ရမရတော့မသိဘူး.... နိုင်ငံခြားက လူတွေဆိုရင်မြန်မာပြည်ကိုဖုန်းခေါ်ရင်အဲ့လိုခေါ်ရတာ)ကဲထားတော့.....
ဆက်ရအောင်........ဘာလို့ လော့ကျသွားရသလဲဆိုတော့ သူကကိုယ်သုံးနေတဲ့ IP Address ကိုမြန်မာနိုင် ငံဆိုတာမြင်နေလို့ လေ....... အဲတော့ဘာလုပ်မလဲ? ရှင်းပါတယ်......ကျွန်တော်တို့  USA မှာသွားသုံးတာပေါ့....... ဒါဆို သူ့ နိုင်ငံဆိုတော့ သူမပိတ်တော့ဘူးလေ(တကယ် မသွားပါဘူး..... Facebook ကို Cheat လုပ်မှာပါ) လေကြောရှည်သွားပီ.... စမယ်...

STEP-----> 1: မိမိအသုံးပြုနေတဲ့ IP Address ကို နိုင်ငံခြားက IP Address ပြောင်းမယ်။ လိုတာကတော့ hotspot shield VPN (တခြားဟာတွေလဲရှိပါတယ်...ဒါပေမယ့်ကျွန်တော်က ဒါလေးသုံးတယ်)လိပ်စာက http://www.hotspotshield.com/
Free version လေးနဲ့ တင်တော်တော် အလုပ်ဖြစ်တယ်........ ဒေါင်းလိုက်၊ ကိုယ့်စက်ထဲ Install ပြီးရင် run
ဒါမျိုးလေး ပေါ်လာလိမ့်မယ်..... connect..(Auto connect လဲလုပ်လို့ ရပါတယ်)။ ကဲ....ဒါဆိုရင်တော့ သင်အသုံးပြုနေတဲ့ IP Address က USA ရဲ့  IP Address ဖြစ်သွားလိမ့်မယ်။Free version မှာ ကိုနိုင်ငံ ၄ နိုင်ငံလောက်ပြောင်းလို့ ရတယ်။ ပြီးပီ တဆင့်။ နောက်တဆင့်သွားရအောင်။ gmail ဖွင့်မယ်။

STEP-----> 2: gmail ဖွင့်တဲ့အပိုင်း။ ဖွင့်တတ်တယ်မလား သိပ်မပြောတော့ဘူး။ ပုံလေးကို ကြည့်လိုက်
 STEP-----> 3: gmail ရပြီဆိုရင် Facebook Acc. ဖွင့်ရအောင်
ရပြီ။ အပေါ်ကပြထားတာ sample နော်။ကဲ ကြိုက်သလောက်သာဖွင့် ကြပေတော့။ တစ်ခုရှိတာ အဲလို လွယ်လွယ်ဖွင့် လို့ ရတော့လဲ ဖွင့်ချင်တော့ဘူးဗျ အလွန်ဆုံး ၂ ခုလောက်ဖွင့်ပြီးရင် မလိုချင်တော့ပဲ ဖြစ်လိမ့် မယ်။ မယုံရင်စောင့်ကြည့်။
သတိထားရမယ့် အချက်တွေကတော့
၁။ hotspot shield သုံးပြီးဖွင့်ထားတဲ့ acc. အသစ်တွေကို hotspot shield မခံပဲ မသုံးပါနှင့်။ မြန်မာ IP နဲ့ ဖွင့်မိပါက Auto Lock ပြန်ကျသွားလိမ့်မည်။
၂။ မိမိ မူရင်းအကောင့်ကို သုံးမည်ဆိုပါကလဲ hotspot shield ကိုပိတ်ပေးပါ။ မဟုတ်ရင်.. facebook ကသင့်အကောင့် ကို hack ရန်ကြိုးစားနေပါသည်၊ ဆိုပီး စာပို့ လိမ့်မယ်။ ဘာလို့ လဲဆိတာတွေတော့ နားလည်ကြမှာပါ။
၃။ hotspot shield သုံးပြီး အကောင့်ဖွင့်တော့မည်ဆိုလျှင် ရှိသမျှအကောင့် အကုန် log out လုပ်ပြီး firefox ကိုပိတ်ပြီး ပြန်ဖွင့်ပေးပါ။ ဘာလို့ လဲဆိုတော့ IP server change သွားမှာဆိုတော့ error တွေတက်မှာ စိုးလို့ ပါ။ ဖြစ်နိုင်ရင် firefox မှာ never remember history လုပ်ထားလိုက်ပါ။

 အားလုံးအဆင်ပြေကြပါစေ။ မြန်မာနိုင်ငံတိုးတက်ဖို့  သိသမျှနည်းပညာများ ဝေမျှကြပါခင်ဗျား။

Credit:     : Ye' Myint Thein

No comments:

Post a Comment

Note: Only a member of this blog may post a comment.