Blogger news

Monday, September 30, 2013

ကျွန်တော် မ "HACK" တတ်ဘူး......ဒါပေမယ့် "ညစ်" တတ်တယ်

***မှတ်ချက်။   ။ဒီနည်းလမ်းလေးကို အများပြည်သူသုံး လိုင်းများတွင် အသုံးမပြုဖို့ နှင့် တကယ် အသုံးလိုအသုံးလိုမှသာ အသုံးပြုကြရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။ဖြစ်လာသော အကျိုးဆက်များမှာ အသုံးပြုသူနှင့်သာ သက်ဆိုင်ပါသည်။***

ဒီနည်းလမ်းလေးက ကျွန်တော့ကိုယ်ပိုင်နည်းလမ်းလေးပါ။ ဒီထဲမှာ ပါဝင်တဲ့ Software များကတော့ ကျွန်တော့် ကိုယ်ပိုင်များမဟုတ်ပါဘူး။ဒီလိုပဲ ဟိုရှာဒီရှာနဲ့ တွေ့ ထားတာလေးတွေပါ။

စရအောင်....နဲနဲ လေကြောရှည်သွားတယ်(ငွိငွ် ၃၈ ခါ)

ဝိုင်ဖိုင်လိုင်း ဆိုတာ သူ့ ရဲ့  Password သိရုံနဲ့ သူ့ ကွန်ယက်ထဲရောက်ပြီဆိုရင် လူတိုင်း အသုံးပြုနိုင်တာပေါ့။Password သိဖို့ ဆိုတာလဲ သိပ်ခက်ခဲတဲ့ကိစ္စတော့မဟုတ်ဘူးလေ။ ဒီတော့ကိုယ်သုံးနေတဲ့ ၀ိုင်ဖိုင်လိုင်းမှာ လူတွေအများကြီး ၀ိုင်းသုံးနေတော့ စိတ်ညစ်စရာပေါ့။ အစကတည်း ကမှလိုင်းမကောင်းပါဘူးဆို လူအများကြီးက၀ိုင်းသုံးနေတော့ ပိုဆိုးပီပေါ့။ အဲ့တော့ ကိုယ့်ဝိုင်ဖိုင် အသုံးပြုမှုတစ်ခုထဲကိုပဲ လိုင်းကောင်းစေချင်တယ်လေ။လွယ်ပါတယ်.....အဲ့ဒီ့ ၀ိုင်ဖိုင်လိုင်း အသုံးပြုနေသူ အားလုံးကို ပိတ်ပစ်မှာပေါ့။(ဟဲ........ဟဲ..........ဘယ်သူသေသေ ငတေမာရင် ပြီးရောလေ)။ကဲ.... စပိတ်ရအောင်.....(အောက်မှာဖော်ပြမယ့်အဆင့်တိုင်းကိုတော့သေချာလေး လုပ်စေချင်ပါတယ်)

Step 1:     : အရင်ဆုံး ဒါလေးတွေ ဒေါင်းလိုက်ရအောင်............    DOWNLOAD HERE
Step 2:     : ဖြည်လို့ ရလာတဲ့ ဖိုင်တွေထဲက Wifikill ကို ဖုန်းထဲမှာ အင်စတောလုပ်ပါ။ DNS Jumper ဖိုင်ကို Computer မှာ run ပါ။(ဖိုင်ဆိုက်သေးလို့ အထင်မသေးနဲ့ နော်...တကယ်စွမ်းတယ်)
Step 3:     : Wifikill ရဲ့ အသုံးပြုပုံလေးကို လေ့လာရအောင်....အောက်မှာပုံတွေနဲ့ ပြထားပါတယ်
ဒါကတော့အသေးစိတ်မပြတော့ဘူး။ လုပ်တတ်တယ်မလား။ကဲ..ဒါဆိုရင်ကိုယ်နဲ့ လိုင်းတစ်ခုထဲမှာသုံးနေ တဲ့လူတွေရဲ့ ဝိုင်ဖိုင်အကုန်ပိတ်။ ချက်ချင်းကြီးတော့ ပိတ်ဘူးနော်....ဖြည်းဖြည်းချင်း နှေးသွားမှာ။သတိထား ရမှာက သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်......အကုန်လုံးကို ပိတ်ဖို့ နိုင်/မနိုင်။သူကမနိုင်ရင် ပိတ်ပိတ် သွားတယ်နော်။အဲ့ဒါ error တက်တာမဟုတ်ဘူး....ပိတ်လို့ မနိုင်တာ။အဲ့တော့ ကိုယ့်ဖုန်းရဲ့ နိုင်သလောက်ပဲ ပိတ်ပေါ့။ကျွန်တော်ခုပြောနေတာ သူများကိုမကောင်းကြံဖို့ မဟုတ်ဘူးနော်.... ကိုယ့်လိုင်းကောင်းအောင် လို့ ပြောတာ။ကဲ...ဒီတစ်ပိုင်းပီးဘီ ထားလိုက်။ အကောင်းဆုံးက တော့ဖုန်းနဲ့ ဝိုင်ဖိုင် တွေပိတ်၊ ပြီးရင်ကိုယ့်လက်တော့နဲ့ ဝိုင်ဖိုင်သုံး.... အဲ့ဒါအကောင်းဆုံးပဲ....
Step 4:     :လက်တော့ဖက်လှည့်ရအောင်......ဖုန်း wifikill ထဲမှာက kill all ဆိုရင်ကိုယ့် လက်တော့ရဲ့  IP Adress ပါပိတ်နေမှာနော့..အဲတော့ ကိုယ့်လက်တော့တစ်လုံးထဲကို ၀ိုင်ဖိုင်ဖွင့်ရအောင်။အရင်ဆုံး  လက်တော့ရဲ့  IP Adress ကြည့်ရအောင်...မကြည့်တတ်ရင် အောက်မှာပုံပြထားတယ်...
desktop ရဲ့ ညာဖက်အောက်ခြေနားလေးက ဖုန်းတိုင်လို အတုံးလေးတွေကိုနှိပ်။ကိုယ်ချိတ်ထားတဲ့ ၀ိုင်ဖိုင် လိုင်းပေါ်မှာ right click---->details ကိုနှိပ်လိုက်ရင် ပုံထဲကလို box လေးကျလာလိမ့်မယ်။ပြထားတဲ့အတိုင်းသာဆက်လုပ်။ကိုယ့် laptop ရဲ့  adress သိပီဆိုရင် ဖုန်းထဲမှာ အဲ့လိပ်စာလေးက လွဲလို့ ကျန်တာအကုန်ပိတ်ပေါ့။ကိုယ့်လိုင်းတစ်လိုင်းထဲ ကွက်ပီးလိုင်းကောင်းဘီလေ။(ဖုန်းထဲမှာတော့ wifikill ထဲကနေမထွက်ပဲဒီတိုင်းထားနော်။ထွက်လို့ တော့ ရပါတယ် ဒါပေမယ့် ဖုန်းကမနိုင်ရင် ရှိပီးသား လိုင်းတောင် ပျောက်သွားတတ်လို့ ။အစကပြန်ဝင်နေရတော့ အလုပ်ရှုပ်တာပေါ့)

Step 4:     : DNS Jumper အသုံးပြုနည်း.......




 find fasted DNS ကိုနှိပ်ပီးခဏစောင့်ပါ။အစိမ်းရောင်အကွက်လေးပေါ်လာရင် apply ကိုနှိပ်ပီး အဲ့ window လေးကိုမပိတ်ပဲ minimize လုပ်ပီး အင်တာနက် အသုံးပြုလို့ ရပါဘီ။ကဲ........ဒါဆိုရင်တော့ သင့် ဖုန်း၊သင့် လက်တော့ တွေဟာ ၀ိုင်ဖိုင်လိုင်းတွေထဲမှာ ထူးထူးခြားခြား သင်တစ်ယောက်ထဲကွက်ပီး လိုင်းကောင်းနေတော့မှာပေါ့။
ဒီလောက်ပိတ်နေတဲ့ကြားထဲကမှ လိုင်းအရမ်းကောင်းနေသေးတဲ့ စက်တွေကို ညစ်ချင်ရင်တော့......(window+r----->cmd----->enter)

ပြောပြတော့ဘူး။ပုံကြည့်ပီး...ဥာဏ်ရှိသလိုသာသုံးတော့။အမှုပတ်မှာစိုးလို့ ။

(အတန်တန်ပြောတယ်နော် မလုပ်နဲ့ လို့ ။အကျိုးဆက် ကကျွန်တော်နဲ့ မဆိုင်ဘူးနော်)
မှတ်ချက်။     ။ကျွန်တော် Pro တစ်ယောက်မဟုတ်ပါ။ဟိုယောင်ယောင် ဒီယောင်ယောင်ပါ။ကျေးဇူးပြုပြီး ပညာမစမ်းပါနဲ့ ။ဘာမှမတတ်ပါဘူး။

Saturday, September 28, 2013

SAMSUNG GALAXY SERIES အသုံးပြုတဲ့ User များအတွက်

ကြာပါပြီ....ဒါပေမယ့် မသိသေးတဲ့ မိတ်ဆွေများအတွက်ပါ
ဘာလဲဆိုတော့ Samsung Galaxy Series အသုံးပြုတဲ့သူများ မိမိ Device ကို  Root လုပ်စရာမလိုပဲ အချိန်တိုတို အတွင်းမှာ မြန်မာဖောင့် ထည့်သွင်းနည်းလေးပါပဲ..........
အောက်မှာပြထားတဲ့အတိုင်းသာအဆင့်ဆင့်ပြုလုပ်ပေးရုံပါပဲ.............ဆိုင်မှာသွားပြီး အပင်ပန်းခံနေစရာမလိုတော့ဘူးပေါ့.....သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကိုလဲ ချွေတာရာရောက်တယ်လေ...

OK,စလိုက်ရအောင်.........
Step:1 -----> အောက်မှာ ပေးထားတဲ့ Rar file လေးကို ဒေါင်းလိုက်ရအောင်.......

Step:2 -----> ဒေါင်းလို့ ရလာတဲ့ Rar ဖိုင်လေးကို ဖြည်.......ထွက်လာတဲ့ ဖိုင်နှစ်ခုကို ဖုန်းထဲမှာ        အင်စတောလုပ်။

Step:3 -----> အဲ ဒီအဆင့်ရောက်ရင်တော့ နဲနဲလေး ဂရုစိုက်ပေးပါ။လွယ်ပါတယ်.......ပထမဆုံး ကျွန်တော်တို့  Keyboard လေးချိန်းရအောင်။အောက်ကပုံလေးကို ကြည့်ပါ......



 setting ထဲက Language and input ထဲကိုသွားပါ။Bagan Keyboard Pro ရှေ့မှာ အမှန်ခြစ်ပေးပါ။ Default ထဲဝင်ပြီး Bagan Keyboard Pro ကို Select ။ဒီအဆင့်ပြီးရင်တော့ Myanmar language keyboard လေးရပြီပေါ့။

Step4:-----> Font style လေးရွေးရအောင်။ Install လုပ်ထားတဲ့ Zawgyi_one flipfont လေးထဲကိုဝင်ပါ
                                             15 fonts Style လေးကို select
                              အောက်ဆုံးအထိဆင်းပြီး Change Font style လေးကို select
                                   Font style လေးကို တွေ့ အောင်ရှာပြီး select

ကြိုက်နှစ်သက် ရာ Font Style အလန်းစားလေးတွေ ကို ရွေးချယ် အသုံးပြုရုံပါပဲ။အားလုံးကြိုက်နှစ်သက် မယ်လို့ မျှော်လင့်ပါတယ်.............
Credit by : ရဲမြင့်သိန်း

Friday, September 27, 2013

FIFA 2014 Apk+Data Full For Android

FIFA 2014 Android Version မှာ Error တွေတက်နေပါတယ်ဆိုတဲ့ Gamer များအတွက် 100% Working
*မြန်မြန်လေးဒေါင်းထားဖို့ တော့လိုမယ်နော့်။ဘာလို့ လဲဆိုတော့ EA ကလိုက်ပိတ်နေလို့ ပါ။
*ဒါလေးက ဗားရှင်း 1.2.8 ပါ။ ဗားရှင်း 1.2.9 မှာ Data အလုပ်မလုပ်ပါဘူး။

ဂိမ်းအမျိုးအစားး           Sport
ဂိမ်းဗားရှင်းး            1.2.8
Android ဗားရှင်းး           2.3.3 နှင့်အထက်
File sizeး           1.3 Gb
ရုပ်ထွက်း           8/10
Game playး           9/10

ဒီဂိမ်းနဲ့ ပါတ်သတ် ပြီးတော့ဘာမှသိပ်ပြောစရာမရှိပါဘူး။ Gamer တွေအားလုံးသိပြီးသားပါ။ အဲ......ပြောစရာရှိတာကတော့ Graphic ပိုင်းပါ။ရုပ်ထွက်ပိုင်း မဆိုးလှပေမယ့် EA ရဲ့ အဓိကပြိုင်ဖက် PES  ကတော့ ၂၀၁၄ အတွက်ထုတ်တဲ့ PES 2014 မှာ EA ထက်နဲနဲ သာသွားတယ်လို့ ထင်ပါတယ်။ဒါ ကတော့ ကျွန်တော့အမြင်ပါ။ Gamer တွေအတွက်ကတော့ သူ့ အကြိုက်နဲ့ သူပါ။



Full Apk   :         Full apk file       

Data file  :    Rar(part 1)
                   Rar(part 2)
                   Rar(part 3)
                   Rar(part 4)
                   Rar(part 5)

၁။ပထမဆုံး apk file ကို အင်စတောလုပ်ပါ။
၂။Rar file အားလုံးကို Select လုပ်ပြီးဖြည်ပါ။ Copy file and paste to  "com.ea.game.fifa14_row" ke 'sdcard/Android/obb/' 
၃။အမုန်းဆွဲပေတော့။ (ခွိခွိ ၄၆ ခါ)

သိလိုသည်များကို wahahasai@gmail.com သို့ လည်းကောင်း   www.facebook.com/ywarthargyisaisai သို့ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မှတ်ချက်။            ။(Only Game) 

Need for Speed™ Most Wanted v1.0.47 APK Mod

HD Game တွေမှကြိုက်တတ်တဲ့မိတ်ဆွေတွေအတွက် Need for speed : Most wanted Mobileversion
ဂိမ်းအမျိုးအစားး             Racing,Sport,Action
မိုဘိုင်းဗားရှင်းး             Android 4.0 နှင့်အထက်
ရုပ်ထွက်း             9.5/10
ဇာတ်လမ်းး              6/10
မန်မိုရီလိုအပ်မှုး              550 MB နှင့်အထက်

Need for speed ဆိုရင် Gamer တော်တော်များများသိပြီးသားပါ။ PC ဂိမ်းမှာအောင်မြင်မှုရရှိခဲ့တဲ့ EA ရဲ့ ခြေလှမ်းသစ် Need for speed : Mobile version မှာဆိုရင်လဲ ရုပ်ထွက်က PC ဂိမ်းနဲ့ မခြား အကောင်းမွန်ဆုံးဖြစ်အောင်ဖန်တီးထားပါတယ်။Underground ပြိုင်ပွဲတွေပြိုင်မယ်၊ ရဲကားတွေရဲ့ လက်ကလွတ်အောင်ပြေးမယ်၊ Level တစ်ခုတက်တိုင်း Unlock တွေတိုးမယ်၊ ကိုယ့်ကို ရဲကအလိုရှိတဲ့ Level တက်လာမယ် စတဲ့ စတဲ့  စိတ်လှုပ်ရှားစရာ တွေပါဝင်တဲ့ဒီ ဂိမ်းလေးကိုဆောဖူးသူတိုင်း လက်ကမချချင်အောင်ကို ဆွဲဆောင်ထားပါလိမ့်မယ်။Google play မှာဆိုရင်တော့ ယူရို  ၄.၄၉ နဲ့ ဝယ်ယူရမှာပါ။ဒီမှာတော့ Free ပေးထားပါတယ်။ 

Google Play Store -->     Google Play Store


APK (Modded)     -->     Zippyshare

SD Data             -->
Rar.(part 1)                   Rar.(part 2)                 Rar.(part 3)



မှတ်ချက်။         ။ Rar file သုံးခုစလုံးကို select လုပ်ပြီးဖြည်ပါ။Copy လုပ်။ပြီးရင် /storage/sdcard0/Android/data/com.ea.games.nfs13_row ထဲမှာ Paste။ ပြီးရင်တော့ ကိုယ့်စိတ်ကြိုက် အလန်းဆုံး ကားလေးတွေနဲ့ လမ်းပေါ်မှာ ကြိုက်သလိုသာ သောင်းကြမ်း ပေတော့၊၊(ဂိမ်းထဲမှာ ပြောတာနော်)

Thursday, September 26, 2013

ရွာသားကြီးစိုင်းစိုင်း ရဲ့  Android app.

ရွာသားကြီးစိုင်းစိုင်း ရဲ့ ဘလော့ကိုမိမိ ဖုန်းမှာ မြန်မြန်ဆန်ဆန်ဝင်ကြည့်နိုင်ဖို့ 

ရွာသားကြီးစိုင်းစိုင်း ရဲ့  Android app. ဒေါင်းရန်

                                               Mediafire;          Appsgeyser ;

Android Programming (e-books)

Android Programming စိတ်ဝင်စားတဲ့မိတ်ဆွေများအတွက်

Android programing အပိုင်းကိုစိတ်ဝင်စားတဲ့ မိတ်ဆွေတွေအတွက်ပါ။electronic engineering  အပိုင်းကိုစိတ်ဝင်စားတဲ့ မိတ်ဆွေတွေလေ့ လာလို့ ရနိုင်အောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်
ဒီစာအုပ်ကိုဖတ်ပြီးသွားတာနဲ့ ဘာတွေနားလည်လာမလဲ။ ဟုတ်ကဲ့ android application
developing ဆိုင်၇ာအခြေခံသဘောတရားတွေကိုသေသေချာချာနားလည်သွားပြီး
သင်ကိုယ်တိုင်java /c/c++ နှင့် အခြားသော smart electronic device တွေဘယ်လိုဆက်စပ်
အသုံးချတယ်ဆိုတာနည်းလည်သဘောပေါက်သွားမဲ့ အပြင် linux  နှင့်  java တို့   C/C++ တို့ ယှဉ်တွဲအလုပ်လုပ်ပုံကိုနားလည်သဘောပေါက်သွားမှာဖြစ်ပါတယ်။အသုံးပြုမယ်ဆိုရင်အောက်မှာဒေါင်း
ယူလိုက်ပါခင်ဗျာ။

SAVE THE MONKEYS

"SAVE THE MONKEY"

မန်းရွှေစက်တော် ဘုရားပွဲ ဆိုရင်မြန်မာတစ်နိုင်ငံလုံးက လူတွေတော်တော် များများသိကြမှာပါ။ဘုရားပွဲ ကာလဆိုရင် မြန်မာနိုင်ငံ အနှံ့ အပြားက ဘုရားဘူးပြည်သူတွေ နဲ့ တိုးမပေါက်အောင် စည်ကားတဲ့ နေရာလေးပေါ့။
အထက်စက်တော်ရာနဲ့  အောက်စက်တော်ရာ ဆိုပြီး ဂေါတမ ဘုရားရှင်ရဲ့ ခြေတော်ရာ အစစ်နှစ်ဆူ ကိမ်းဝပ်  စံပယ်   တော်မူတဲ့ဒေသလေးပါ။၊
အဲ့ဒီ့ဒေသလေးမှာ လူတွေသိပ်မသိ သေးတာလေးတစ်ခုရှိနေပါတယ်။အထက်စက်တော်ရာမှာ ကျွန်တော်တို့  ပုပ္ပါး တောင်မှာလိုပဲမျောက်ကလေးတွေ အများကြီးရှိပါတယ်။ဒါပေမယ့် သူတို့ လေးတွေရဲ့ ဘ၀ကအရမ်းကို သနားစရာကောင်းပါတယ်။ဘာလို့ လဲဆိုတော့ အစာရေစာရှားပါခြင်းပဲ ဖြစ်ပါတယ်။ဘုရားပွဲတော် ကာလအတွင်းသာ လူစည်ကားလို့ အစာကျွေးသူများပြား ပေမယ့် ပွဲတော်ရက်ကုန်ဆုံးသွားရင် သူတို့ အတွက်အစာရေစာလုံး ၀ကိုရှားပါးသွားပါတယ်။အရင်က သဘာဝတောထဲမှာ သူတို့ အတွက်သီးပင် စားပင်တွေပေါများ ခဲ့ပေမယ့်၊ တဖြည်းဖြည်း လယ်ယာလုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်လာတဲ့အခါမှာတော့၊သူတို့ အတွက် စားကျက်မြေ လုံးဝကို ပျောက်ဆုံးသွားခဲ့ရပါပြီ။အစာရေစာ ငတ်မွတ်နေတဲ့သူတို့ လေးတွေဟာ နောက်ဆုံးအရဲစွန့် ပြီး      လူတွေရဲ့ စိုက်ခင်းတွေအထိဆင်းပြီး၊ အစာရေစာရှာဖွေ  လာရပါတော့တယ် ။မျောက်သားငယ်လေးတွေရှိတဲ့ မျောက်မကြီးတွေအတွက်တော့တောင်ခြေအထိမလာရဲတဲ့အတွက် တွေ့ ကရာ မြင်ကရာစားသောက်ကြရပါတော့တယ်။အဲ့ဒီတော့ လူတွေရဲ့ လက်ချက်နဲ့ သေရင်သေ၊မသေရင် အစာအဆိပ်သင့်ပြီးသေကြရတဲ့အကောင်တွေ မနဲပါဘူး။အဲ့ဒီတော့မိတ်ဆွေတို့ လဲ ဒီသနားစရာ မျောက်ကလေးတွေအတွက် တတ်နိုင်တဲ့ဖက်က အကူအညီပေး စောင့်ရှောက်သွားပေးပါလို့ တိုက်တွန်းချင်ပါတယ်။ သူတို့ လေးတွေ အစာငတ်နေချိန်မှာအစာ သွားကျွေးလိုက်ရတဲ့ ခံစားချက် ပီတိဟာ ဘယ်လိုဖော်ပြရမယ်မှန်းတောင် မသိပါဘူး။ ဘုရားလဲဖူးရင်း ဒါန လဲပြုရင်းဆိုတော့မိတ်ဆွေတို့ လဲကုသိုလ် ပိုရမှာပါ။
ကျွန်တော့ရဲ့ ပထမဆုံး Post ကိုဒါလေးနဲ့ စလိုက်ပါရစေခင်ဗျား။                 ။


 





Tuesday, September 24, 2013

မင်္ဂလာပါခင်ဗျား...............
                                  ကျွန်တော်ကခုမှ Blog စရေးတာပါ ............ အားလုံးပဲ ကျွန်တော် မှားတာရှိရင် မပြည့်မစုံ ဖြစ်တာရှိခဲ့ရင် ခွင့်လွတ်ပေးကြပါလို့ ................လာရောက် ကြည့်ရှုသူအပေါင်း စိတ်တစ်စုံတစ်ရာ ငြိုငြင်စရာ ဖြစ်ပေါ်ပါက ကျွန်တော်၏ လိုအပ်ချက်သာဖြစ်ပါသည် ခင်ဗျား